Birthday Present

 
ဒီနေ့ ကြာညို့မွေးနေ့မှာ ကြိုတင်စိတ်ကူးထားတဲ့ အတိုင်း ဒီဓာတ်ပုံလေးကို လက်ဆောင်ပေးဖြစ်ခဲ့တယ်။ အစကတော့ design ကျွမ်းကျင်တဲ့ သူငယ်ချင်း တစ်ယောက်ဆီပဲ ဖြစ်ဖြစ် အကူညီတောင်းပြီး ဆွဲပေးဖို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် လှလှမလှလှ ကိုယ်တိုင်လုပ်လိုက်တော့ အမှတ်တရ ဖြစ်တာပဲ ဆိုပြီး လုပ်လိုက်တာ။ ကျွန်တော် လုပ်ထားတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ နှင်းဆီပန်းပုံလေးနဲ့ Taylor Swift ပုံလေးကို ထပ်ပြီး တစ်ပုံကို opacity 0.5 ပေးပြီး အပေါ်က သီချင်းစာသားလေးတွေ ထပ်ရေးထားတာပါ။ ဒီပုံကို css နဲ့လည်း ဆွဲကြည့်တယ်။ photoshop နဲ့လည်း ဆွဲကြည့်တယ်။ အခုပေးဖြစ်တဲ့ ပုံက photoshop နဲ့ ဆွဲထားတဲ့ ပုံပါ။ Taylor Swift ရဲ့ fifteen ဆိုတဲ့ သီချင်းက မိန်းကလေးငယ် တစ်ယောက်အကြောင်း ရေးထားတဲ့ အရမ်းချစ်စရာ ကောင်းတဲ့ သီချင်းလေးပါ။ MTV ရိုက်ထားတာလည်း အရမ်းလှပါတယ်။ ကြာညို့ မွေးနေ့ မရောက်ခင်ကတည်းက သူရဲ့ အသက်ဆယ့်ငါးနှစ်ပြည့်တဲ့နေ့ရောက်ရင် ဒီသီချင်းစာသားလေးတွေကို ဓာတ်ပုံထုတ်ပြီး လက်ဆောင်ပေးမယ်လို့ စိတ်ကူးထားတာ။ စိတ်ကူးထားတဲ့ အတိုင်း ပေးဖြစ်ခဲ့တယ်။

အဓိပ္ပါယ်

ပစ္စုပ္ပန်မှာ မပျော်ရတဲ့သူရဲ့ အတိတ်ဟာ
ပိုပြီးကြေကွဲဖို့ကောင်းတယ်။
နာကျင်စရာတွေ များတော့လည်း
တချို့လန်းဆန်းမှုတွေကိုတောင် မခံစားနိုင်တော့ဘူး။
 လိုအပ်တာထက် ပိုပြီးရုန်းကန်နေရတဲ့သူက
 အချစ်အကြောင်းတော့ ဘယ်ပြောချင်ပါ့မလဲ။
 ဆယ့်ခြောက်နှစ်အရွယ်မှာ ရခဲ့တဲ့ ခံစားမှုမျိုးတော့
 ပြန်မရနိုင်တော့တာ သေချာတယ်။
 သံစဉ်လည်းမကောင်း စာသားတွေလည်း တိုက်ဆိုင်မှု မရှိပေမယ့်
 လွမ်းရတဲ့ အချိန်မှာ နားထောင်ခဲ့ရတဲ့ သီချင်းက
 ပြန်နားထောင်တိုင်း လွမ်းဖို့ကောင်းတယ်။
 ဘဝက 100% ဆိုရင် ခရီးသွားတဲ့အခါ လမ်းနံဘေးမှာ တွေ့ရတဲ့
 လယ်ကွင်းနဲ့တဲအိမ်လေးက 70% တော့ ရှိလိမ့်မယ်။