October 20

ဒီ‌နေ့‌တော့ မနက်‌စော‌စောထပြီး အင်တာနက်ဆိုင်သွားတယ်။ 9 နာရီ‌လောက်‌ပေါ့။ blog မှာ sidebar ဖြုတ်ဖို့ကို ကျွန်‌တော်က code ‌တွေထည့်ပြီး ခက်ခက်ခဲခဲ‌တွေ ‌လျှောက်လုပ်‌နေတယ် တကယ်‌တော့ သူရဲ့ template designer ထဲက body layout မှာ right sidebar မပါတဲ့ ပုံစံရှိတယ်။ အဲ့ဒါကို ‌ရွေးလိုက်ရုံပဲ၊ OKသွားပြီ။

‌နေမျိုးထက်က 10 နာရီခွဲ‌လောက်မှာ ‌ရောက်လာတယ်။ စာအုပ်လဲတယ်။ အပြင်မသွားဖြစ်ဘူး။
အင်တာနက်ဆိုင်က‌နေ အိမ်ကိုပဲတန်းပြန်ခဲ့တယ်။ ဒီ‌နေ့ ‌နေ့ခင်းတစ်ချိန်လုံး FM ပဲ ကစားဖြစ်တယ်။ ရာသီကုန်ခါနီးဆို‌တော့ ကစားလို့‌ကောင်း‌နေတာ‌ပေါ့။ premier league ‌ရော champion league ဖလား‌ရော ထပ်ရတယ်။ hall of fame မှာ ferguson ထက်‌တောင် ‌ကျော်သွားပြီ။ having demonstrated himself to be the most successful head coach of all time တဲ့၊ လန်းတယ်‌နော်။

ည‌နေကျ‌တော့ တရားနား‌ထောင်ရင်း အိပ်‌ပျော်သွား‌သေးတယ်။ ည‌နေခင်း အိပ်‌ပျော်သွားရင် ပြန်နိုးလာရင် ‌ခေါင်းအရမ်းမူးတယ်။ ‌ရေချိုး၊ ထမင်းစားပြီး‌တော့ မန်ယူပွဲကို ဘယ်လိုကြည့်ရင် ‌
ကောင်းမလဲ စဉ်းစား‌နေတုန်း ဟန်ထွန်း‌ရောက်လာလို့ သူတို့နဲ့ အတူသွားကြည့်ဖြစ်တယ်။ မန်ယူက 4-2 နဲ့ နိုင်သွား‌ပေမယ် ဒီရာသီမှာ ‌ပေးဂိုး‌တွေ များ‌နေတယ်။

အိပ်ပြန်‌ရောက်‌တော့ ‌ရေတစ်ခါထပ်ချိုး ပြီး သီချင်းနား‌ထောင်ရင်း အိပ်‌ပျော်သွားတယ်။ ဒီညလည်း ဘာမှ မလုပ်ဖြစ်တဲ့ ညတစ်ညပဲ။ blog မှာ ဘာမှ ‌ရေးစရာ မရှိလို့ diary ‌တွေ ချည်းပဲ ‌ရေး‌နေရတာ မဟုတ်‌သေးဘူး။ တစ်ခုခု‌ရေးနိုင်ဖို့ ကြိုးစားရမယ်။

No comments:

Post a Comment

Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်