October 17

ညကမအိပ်ခင် alarm ‌ပေးဖို့‌မေ့ပြီး အိပ်‌ပျော်ခဲ့‌ပေမယ့် ဒီ‌နေ့မနက် 6:30 ‌လောက်မှာ အလိုလိုနိုးလာတယ်။ ဒါ‌ပေမယ့် အိပ်ချင်စိတ်ကို မ‌ကျော်လွှားနိုင်လို့ ပြန်အိပ်‌နေတာ 7 နာရီခွဲ‌လောက်မှပဲ အိပ်ရာက ထဖြစ်တယ်။ မျက်နှာလည်း မသစ်ရ‌သေး၊ ဘာမှမလုပ်ရ‌သေးခင်မှာ အိမ်‌ရှေ့က ဂျာနယ်လာပို့တဲ့ အသံကြားလို့ ပြည်သူ့‌ခေတ်ဂျာနယ်ကို အရင်ဆုံးဖတ်ဖြစ်လိုက်တယ်။
မျက်နှာဖုံးမှာပဲအ‌မေစုရဲ့မိန့်ခွန်းစာသား‌လေးကို ဖတ်ပြီး ‌တွေးမိ‌နေလို့ အ‌နောက် စာမျက်နှာ‌တွေကို‌တောင် ဆက်မဖတ်မိဘူး။ ဒီ‌နေ့မနက်‌တော့ အဲ့ဒီစာသား‌လေးနဲ့ နှိုးထခွင့်ရခဲ့တယ်လို့ ‌ပြောရမှာ‌ပေါ့။

"လူငယ်‌တွေ စိတ်ဓာတ်မကျနဲ့ လူငယ်‌တွေ အလုပ်လက်မဲ့ဖြစ်တာနဲ့ ‌မျှော်လင့်ချက်မဲ့သွားမှာကို အများကြီးကျွန်မတို့စိုးရိမ်တယ်။အလုပ်မဲ့သွားတာကအလုပ်ရှာ‌ပေးလို့ရတယ်။ ‌မျှော်လင့်ချက်မဲ့သွားပြီဆိုရင် လူငယ်‌တွေဟာဘဝလမ်း‌ကြောင်း‌ပြောင်းသွားနိုင်တယ်"

ထမင်းအရင်စားပြီးမှ ‌ရေချိုး၊ ပြီး‌တော့ 8 နာရီခွဲ‌လောက်မှာ ‌ကျောင်းသွားဖို့ထွက်ခဲ့တယ်။ ၁၀၃ ကားနဲ့ ကန်သာယာကိုစီး ပြီး‌တော့ ထုံးစံအတိုင်း 121 ဒိုင်နာကားစီးပြီး ခ‌ရေပင်လမ်းခွဲကို‌ရောက်တယ်။ ဒီ‌နေ့က ‌ကျောင်းမှာ viva ‌ဖြေရတဲ့ ‌နောက်ဆုံး‌နေ့ပဲ။ Project လည်းမနှစ်က လုပ်ထားလို့ လုပ်စရာမလို‌တော့ဘူး။ ဒီ‌နေ့ပြီးရင် ‌အောင်စာရင်းကို‌စောင့်ဖို့ပဲ ကျန်‌တော့တယ်။ ပထမဆုံးလာတဲ့ 132 ကား‌ပေါ်ပဲတက်လိုက်တယ်။ ကား‌ပေါ်မှာ ထိုင်စရာ ‌နေရာရလို့ အိပ်‌ပျော်ပြီး လိုက်ခဲ့တယ်။ ‌ထောက်ကြန့် လမ်းဆုံ‌ရောက်မှ မ‌နေ့က OS ဆရာမ ‌ပေးထားတဲ့ viva ‌မေးမယ်ဆိုတဲ့ အချက်‌တွေကို ကျက်တယ်။  

‌ကျောင်း‌ရောက်‌တော့ ဋ္ဌာနကိုသွားတဲ့ လမ်းမှာ ဘယ်‌မေဂျာကလဲမသိဘူး တိုင်‌တွေ‌ထောင်ပြီး တစ်ဖက်ကိုလှမ်းကြည့်တဲ့ လူတချို့က မယဉ်‌ကျေးဘူး။ ထားပါ။ အဲ့ဒီ့အ‌ကြောင်း‌တော့ မ‌ပြောချင်‌တော့ဘူး။

ဋ္ဌာနကို‌ရောက်‌တော့ viva စ‌မေး‌နေပြီ။ တစ်‌ယောက်ချင်း‌မေးတာဆို‌တော့ မ‌ဖြေရ‌သေးတဲ့ ‌ကျောင်းသား‌တွေက အပြင်မှာ စာကျက်‌နေကြတယ်။ ကျွန်‌တော်လည်း သူငယ်ချင်း‌တွေ‌ပေးတဲ့ အချက်အလက်‌တွေကို ဦး‌နှောက်ထဲ ရသ‌လောက်ထည့်ရတာ‌ပေါ။ သုံးဘာသာ ‌ဖြေရတယ်။ Micro နဲ့ OS ‌ဖြေနိုင်တယ်။ SE မ‌ဖြေနိုင်ဘူး။ ကံ‌ကောင်းတာက စာ‌မေးပွဲတုန်းက SE ‌ဖြေနိုင်ပြီး Micro နဲ့ OS က မ‌ဖြေနိုင်တဲ့ ဘာသာ‌တွေဖြစ်‌နေတာပဲ။

အဲ့ဒါ‌ဖြေပြီး‌တော့အိမ်ပြန်လို့ရပြီ။ဋ္ဌာနက‌နေကားဂိတ်ကိုလမ်း‌လျှောက်‌တော့ ‌နေ‌တော်‌တော်ပူ‌နေတာကို သတိထားမိတယ်။ အဲဒါ 12 နာရီ‌တော့ မထိုး‌သေးဘူး။ အပြန်ကား‌ပေါ်မှာလည်း အိပ်‌ပျော်လာတာပဲ။ ဆင်းရမယ့် မှတ်တိုင်‌ကျော်ပြီးမှ နိုးလာတယ်။ ‌စော်ဘွားကြီးကုန်း ကျမှဆင်း အဲ့ဒီက‌နေ အဝိုင်းကို 202 စီး၊ အဝိုင်းက‌နေ ‌ခေမာသီ ကားစီးပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်မှာ အ‌မေနဲ့ကြာညိုက ထမင်းလိပ်‌တွေ လုပ်စား‌နေကြတယ်။ အဲဒါ‌တွေစားလိုက်တာနဲ့ ထမင်းမစားဖြစ်ဘူး။ ပြီး‌တော့ ‌ကော်ဖီ‌အေး တစ်ခွက်‌သောက်တယ်။ အိပ်ချင်‌ပေမယ့် မအိပ်ဖြစ်ဘူး။ ကြာညိုနဲ့ အတူတူ ကြည့်ပြီးသား ရုပ်ရှင်‌တွေ၊ MTV ‌တွေ ထပ်ကြည့်‌နေဖြစ်တယ်။ ည‌နေ သုံးနာရီ‌လောက်မှာ ‌ရေချိုးတယ်၊ ပြီး‌တော့ ထမင်းစားတယ်။ စံပယ်နဲ့ ဖုန်း‌ပြောဖြစ်တယ်။

ပြည်သူ့‌ခေတ် ဂျာနယ်ထဲမှာ ပညာ‌ရေးကိစ္စနဲ့ ပတ်သတ်လို့ နယ်ပယ်အသီးသီးက လူ‌တွေရဲ့ ထင်မြင်ချက်‌တွေကို ‌ရေးထားတယ်။ ကျွန်‌တော် အားမရတာက ပညာ‌ရေးပြုပြင်‌ပြောင်းလဲမှု ကိစ္စမှာ ‌ကျောင်းသား‌တွေကို ဘာဖြစ်လို့ မ‌မေးတာလဲဆိုတာပဲ။ ‌ကျောင်းသား‌တွေ ဘာလိုအပ်လဲ ဆိုတဲ့ အ‌ဖြေက ‌ကျောင်းသား‌တွေ ရင်ထဲမှာပဲ ရှိတယ်။

အမှန်အတိုင်း‌ပြောရရင် ဒီ diary ထဲမှာ ထည့်မ‌ရေးဖြစ်တဲ့ personal ကိစ္စတချို့‌ကြောင့် ကျွန်‌တော် စိတ်ညစ်‌နေခဲ့သည်။ ကို‌နေဘုန်းလတ်ရဲ့ ညီ‌လေး‌ရေ-၁၅ ကို ဖတ်ပြီးမှ အသိတရား ပြန်ဝင်လာသည်။ ကို‌နေဘုန်းလတ်ကို အရင်ထဲက သိသလို ညီ‌လေး‌ရေ ‌ဆောင်းပါး‌တွေကိုလည်း  ပြည်သူ့‌ခေတ်ထဲမှာ ‌တွေ့‌နေ‌ပေမယ့် အရင်ကမဖတ်ဖြစ်။ ဒီ‌နေ့မှ ဖတ်ကြည့်မိမှ ‌
တော်‌တော်‌ကောင်းမှန်း သိတယ်။

ည‌နေ 6 နာရီ‌လောက်ကျ‌တော့ ငါးတန်းနဲ့ပြိုင်ဘယ်သူနိုင် အစီအစဉ်ကြည့်တယ်။ ပြီး‌တော့ ဒီ‌နေ့အတွက် diary ‌ရေး‌နေတာ။ diary ‌ရေးတာလည်း နည်းနည်း‌တော့ အချိန်‌ပေးရတယ်။ ရှစ်နာရီ‌လောက်မှာ ‌ဝေကြီး‌ရောက်လာတယ်။ ထုံးစံအတိုင်း best choice မှာသွားထိုင်ရင်း စကား‌လေးဘာ‌လေး‌ပြော၊ ကိုသီဟတို့လည်း best choice မှာ‌တွေ့သည်။

အိမ်ပြန်‌ရောက်‌တော့ ထမင်းစားသည်။ ထမင်းစားပြီး Football Manager ခဏ ကစားသည်။ ပြီး‌တော့ အိပ်ရာ‌ပေါ်မှာလှဲလိုက်တာ အိပ်‌ပျော်သွား‌တော့သည်။ လုပ်‌နေကျ စာဖတ်တာတို့ ဘုရားရှိခိုးတာတို့လည်း မလုပ်လိုက်ရ။

No comments:

Post a Comment

Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်