October 21

ဒီ‌နေ့ည‌နေငါးနာရီ‌လောက် ကိုထက် အိမ်ကို‌ရောက်လာတယ်။ ဧရာဝတီတိုင်း၊ သာ‌ပေါင်းကိုသွားမှာ နှစ်ရက်၊သုံးရက်ပဲ ကြာမယ်၊ လိုက်ခဲ့ပါဆိုတာနဲ့ လိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်။

43 ‌တောင်ဥက္ကလာကားစီးပြီး ပါရမီကားဂိတ်မှာ လက်မှတ်သွားဝယ်ကြတယ်။ ကားက မနက်ဖြန်မနက် 7 နာရီထွက်မှာ။ လက်မှတ်ဝယ်ပြီး‌တော့ လမ်း‌ဘေးက ဝက်သားတုတ်ထိုးနဲ့ ကြာဆံသုပ်ဝင်စားတယ်။ 43 စီးပြီး ပြန်လာ၊ ကိုထက်က 6‌ကွေ့ကိုလိုက်သွားတယ်။ ကျွန်‌တော်က ကား‌ပြောင်းစီးဖို့ အဝိုင်းမှာဆင်းရတယ်။ ည‌နေ 6 နာရီ‌လောက် အဝိုင်းက‌တော့ ထုံးစံအတိုင်း လူ‌တွေ‌ရော၊ ကား‌တွေ‌ရော ရှုပ်ယှက်ခက်‌နေတာပဲ။

အိပ်ပြန်‌ရောက်‌တော့ ‌ရေချိုး၊ ထမင်းစားပြီး အခု ဒိုင်ယာရီ ‌ရေး‌နေတယ်။ ခဏ‌နေရင် အင်တာနက်ဆိုင်သွားမယ်။ အင်တာနက်ဆိုင်က ပြန်လာရင် မနက်ဖြန် ခရီးသွားဖို့ အဝတ်အစား‌တွေ ထည့်ရမယ်။ ဒီကွန်ပျူတာ‌လေးနဲ့‌ရော၊ အင်တာနက်နဲ့‌ရော သုံးရက်‌လောက်‌တော့ ခွဲ‌နေရ‌တော့မယ်။

No comments:

Post a Comment

Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်