“မြန်မာ” လျင်မြန်သည်။ သန်မာသည်။ ညီညွတ်သည်။ ခွန်အားပြည့်ဝသည်။ ညဏမြင့်သည်။ ထိုသို့ပြောလျှင် အများက လှောင်ရယ်နိုင်သည်။ သို့သော် လျင်မြန်ခဲ့သည်။ သန်မာခဲ့သည်။
ညီညွတ်ခဲ့သည်။ ခွန်အားပြည့်ဝခဲ့သည်။ ညဏမြင့်ခဲ့သည်။ ထိုသို့ဆိုလျှင်ဖြင့် ငြင်းစရာ မရှိပေ။
ရှေးအဆက်ဆက် မြန်မာ့ရာဇဝင် သမိုင်းကို လှန်ကြည့်ပါလျှင် အညံ့မရှိခဲ့။ အထုံ မရှိခဲ့ပါ။ ကျွန်ုပ်တို့ မြန်မာများသည် ကြံ့ခိုင် သန်မာ ညဏ်ရည်ညဏ်သွေး ထက်မြက်ကြသူ များသာ ဖြစ်ပါသည်။ အုပ်ချုပ်စိုးစံခဲ့သော မင်းအဆက်ဆက်သည် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝ ကြသူများသာ
ဖြစ်သည်။ မြန်မာမှ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပေါ်ထွန်းခဲ့ဖူးသည်။ ထင်ရှား ကျော်ကြားသော ပညာရှင်များစွာ ရှိခဲ့ဖူးသည်။ မြန်မာသည် မခေသော နိုင်ငံတစ်ခု ဖြစ်ခဲ့ပါသည်။
သို့သော် ယခုအခါတွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ရင်ပေါင်တန်း၊ ပခုံးချင်းယှဉ်ရန် ဝေးစွ။ ခြေဖျားပင် မမီနိုင်ကာ လှမ်းကြည့်ရင်ပင် မမြင်နိုင်သော ဘဝ၊ အာဆီယံ(၁၀) နိုင်ငံထဲတွင်ပင် အဆင့်(၁၀) ကို ပိုင်ပိုင်နိုင်နိုင် မလွှတ်တမ်း ရရှိထားသော နိုင်ငံ ဖြစ်နေပေသည်။ အဆင့်(၉) ရှိသော လာအိုနှင့်ပင် အကွာကြီးကွာလှသည်။
ထိုသို့ဆိုလျှင် ယခုအခါမှ ပျက်စီးသွားခြင်း ပေလား။ ဟုတ်ပေသည်။ ကျွန်မတို့ အားလုံး လှေကား တစ်ခုတည်းကို အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် မတူသည့် အချက်က သူတို့က တက်ပြီး ကျွန်မတို့က ဆင်းနေခြင်း ဖြစ်သည်။ ဒါသင်၊ ဒါပေး၊ ဒါကျက်ကာ ဒါမေး၊ ဒါဖြေ၊ ဒါအထပ်ထပ်သင် ဘဝဖြင့် ပညာရေးကို ဆွဲချကြသည်။ ယိုယွင်းပြီး တောင့်တင်းမှု မရှိသည့် ပညာရေး ဝဲဂယက်ထဲတွင် ကျွန်မတို့ တိုင်းပြည် နစ်မြုပ်ခဲ့သည်။ ကျွန်မတို့ စိတ်ဓာတ်တွေ နစ်မြုပ်ခဲ့သည်။ ပြီးတော့ ကျွန်မတို့ ဘဝတွေ နစ်မြုပ်ခဲ့သည်။
ထိုဝဲဂယက်ထဲတွင် ပျော်နေကြသည်။ ကျေနပ်နေကြသည်။ ဝဲဂယက် အပြင်ကို စိတ်မဝင်စား။ ဝဲဂယက် အပေါ်ကိုလည်း မော့မကြည့်၊ ကိုယ့်ကမ္ဘာနှင့် ကိုယ်တော့ ဟုတ်နေကြသည်။ “မြန်မာ၊မြန်မာ” အော်ဟစ်နေကြသည်။ “မြန်မာသည် ကမ္ဘာတွင် အခရာ” သီကြွေးနေကြသည်။ လက်သီးလက်မောင်း တန်းကာ တက်ကြွနေကြသည်။ သို့သော် နွားခြေရာခွက်ထဲမှ ဖားသူငယ်လေးများပမာ အပေါ်မှ မိုးကြည့်နေသူများ အဖို့တော့ သနားစရာ ရယ်စရာ သတ္တဝါငယ်လေး မျှသာ ဖြစ်သည်။
ပြောင်းလဲမှုများ လိုအပ်နေပါပြီ။ ဝဲဂယက်ကြီးကို ဖြိုချသင့်နေပါပြီ။ ဖြိုချနိုင်ရန်လည်း ကြိုးစားနေပါပြီ။ သို့သော် အင်အားသည် လက်တစ်ဆုပ်မျှသာ။ ပြင်ဖို့ ဝေးလို့ မှားလို့ မှားမှန်း သိသူများကပင် အလွန် ရှားပါး နေသည်။ သို့သော ထိုသို့ဆိုကာ သည်အတိုင်း ပစ်ထားရန်လည်း မသင့်လျော်ပါ။
စဉ်းစားကြည့်စေချင်ပါသည်။ ကျွန်မတို့ နိုင်ငံသည် မည့်သည့် နိုင်ငံနှင့် ယှဉ်ယှဉ် အမြဲ နောက်ကောက် ကျနေသည်။ သဘာဝ သယံဇာတများ ပေါကြွယ်ဝကာ လှပတင့်တယ်သော သဘာဝ အလှရှုခင်း များစွာရှိရာ ကျွန်မတို့ နိုင်ငံသည် ကျွန်းနိုင်ငံယ်လေး တစ်ခုဖြစ်သည့် စင်ကာပူ နိုင်ငံ ကိုပင် မမှီနိုင်ပါ။
ကျွန်မတို့ လိုအပ်နေသည်မှာ အတတ်ပညာရှင်၊ အသိပညာရှင် များဖြစ်သည်။ အဖိုးတန် ပစ္စည်း၊ ရှားပါး ပစ္စည်းများကို တွေ့နေ မြင်နေ သိလျက်နှင့်ပင် “မည်သို့ယူရမလဲ” ဟူသော အမေးနှင့် အခက်ကြုံရသည်။ “မရှိခြင်းထက် မသိခြင်းခက်” ဆိုသလို ကျောင်းသားများသည် ဘာကိုဘယ်လို လုပ်လျှင် ဘာရမည် ဆိုသည်ထက် ဘယ်အပိုဒ်ကို ကျက်လျှင် ဘယ်နှမှတ် ရမည်ကိုသာ တွက်နေကြသည်။
သို့သော် သည်စာကို ကျက်မှတ်ထားကာ အစဉ် သတိတရ မမေ့ဘဲ ရှိမည်ဆိုလျှင် သညာ သဘောမျိုး သတ်ရောက် နိုင်ပေဦးမည် ဖြစ်သည်။ သို့သော် ယခုအခါ ထိုသို့မဟုတ် သည်စာသည် သည်အပတ် သည်လ အတွက်သာ အကျုံးဝင်သည်။ တစ်ပတ်လုံး၊ တစ်လလုံး “ဝရော၊ ဝရော” ကျက်လိုက်ကြ။ စာမေးပွဲ ရောက်လျှင် “ဝရော၊ ဝရော” ရေးချလိုက်ကြ။ ထို့နောက် “ဝှား” ခနဲ သက်ပြင်းချကာ “ဝရော၊ ဝရော” ထွက်သွားပြန်သည်။ ကျွန်မတို့ မြန်မာတို့က ထိုအရာကို အမည်တပ်ထားပါသည်။ “ပညာသင်သည်” ဟုရယ်။
ထိုအရာသည် ပညာသင်ခြင်းလား။ ကျွန်မ သိသည်မှာတော့ ပညာဟူသည် အမှား၊အမှန် ခွဲခြားနိုင်ခြင်းပင်။ မိမိ မသိသေး၊ မတတ်သေးသော အရာများကို ရှာဖွေ စုဆောင်းကာ လိုအပ်သည့် နေရာတွင် မှန်ကန်စွာ အသုံးချ နိုင်ခြင်း မဟုတ်ပါလား။ သို့ကလိုဆိုလျှင် ကျွန်မတို့ ကျင့်ကြံနေရသည့် “သွင်း၊ထုတ်၊ထွက်” ကျင့်စဉ်ကြီးသည် ဘာကြီးလဲ။ ဘာကြီးမှ မဟုတ်ပါ။ ဘာလေးပင် မဟုတ်ပါ။ ဘာဆို ဘာမှ မဟုတ်သော သည်အရာ ကြီးကို ဘယ်လိုများ စဉ်းစားပြီး ဘယ်အရူးတွေက ချမှတ်ခဲ့ပါလိမ့်။ ကျွန်မ ထိုသို့ပင် စဉ်းစားမိပါသည်။
တစ်ခါတစ်ရံ စာလေးဘာလေး ဖတ်ပြီး စဉ်းစားချိန်၊ တွေးချိန် မိနစ်(၃၀) လောက် ဖြစ်ဖြစ် ကျွန်မ လိုချင်ပါသည်။ သို့သော် များများအော်မှ မြန်မြန်တတ်မည် ဟူသော အစွဲ တို့ဖြင့် ကျွန်မ အမေက မျက်စိ စုံမှိတ်ကာ စာအော်ကျက်နေသည်ကိုပင် ဖြစ်စေချင်နေသည်။ ယခု စာစီစာကုံး
ရေးနေသည်ကို နောက်ဖေးမှ “စာမကျက်သေးဘူးလား။ နင်တော့ အဆင့်တွေကျတော့ မှာပဲ”
ဟု လှမ်းအော်ပြောနေသည်။ အဆင့်။ များများသွင်း၊ များများထုတ်ပြီး ရလာသော အဆင့်တစ်ခုကို ကျွန်မ မမက်မောပါ။

တစ်ရက် ကျွန်တော် အပြင်က ပြန်လာတော့ ညီမလေးရဲ့ စားပွဲပေါ်က စာစီစာကုံး ရေးထားတဲ့ စာရွက်တစ်ရွက် တွေ့တာနဲ့ ယူပြီး ဖတ်ကြည့်မိတာ သဘောကျမိလို့ ပြန်ပြီး share လိုက်ပါတယ်။ ဒီလိုခေါင်းစဉ်မျိုးကို ရေးခိုင်းတာက စာမေးပွဲအတွက် မဟုတ်လောက်ပဲ ပညာသင်ယူတဲ့ စနစ်တွေ မှားယွင်းနေတာကို ကျောင်းသားတွေကို သိစေဖို့၊ မှန်ကန်တဲ့ တွေးခေါ်နည်းစနစ်တွေ
ကျောင်းသားတွေ ရင်ထဲမှာ အမြစ်တွယ်စေဖို့ ညီမလေးတို့ကို အခု မြန်မာစာ သင်နေတဲ့ ဆရာကြီး ( ကျွန်တော့်ရဲ့ ဆရာကြီးလည်းဖြစ် ) ရဲ့ စိတ်ကူးပဲ ဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ ဆရာကြီးက ဟိုးအရင်ထဲက ပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို အမြဲတမ်း နီးစပ်ရာ ကျောင်းသားတွေကိုထောက်ပြ ပြောဆိုနေတတ်တာပါ။ ကောင်းမွန်တဲ့ ပညာရေး စနစ်တစ်ခုကို ရောက်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်ပဲ ဖြစ်ပါစေ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်နေတဲ့ ဆရာကြီးကို လေးစားမိပါတယ်။
No comments:
Post a Comment
Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်