ယုံကြည်ခြင်း‌ကောင်မ‌လေး

လိုချင်ပါတယ်လို့
အတိအကျ ဆု‌တောင်းခဲ့တာပဲ။
မရတာ‌တော့ ဘယ်တတ်နိုင်ပါ့မလဲ။
စိတ်သ‌ဘောထား ကြီးမြတ်သူ
မဟုတ်ရပါဘူးကွယ်။
မဖြစ်နိုင်‌တော့လို့
‌နောက်ဆုတ်ခဲ့ရတာပါ။
‌တွေ့‌နေမြင်‌နေ သ‌ရွေ့‌တော့
ဒီ‌ရောဂါက ‌ပျောက်မှာ မဟုတ်ဘူး။
‌ကောင်မ‌လေး‌ရေ
အခု‌တော့လည်း
ခွဲခွာနှုတ်ဆက်
တိမ်‌တွေရဲ့ အ‌နောက်မှာ
လပတ်စာ‌မေးပွဲ‌တွေ ရှိခဲ့ရင်
အရင်လို ခုံနံပါတ်‌တွေနဲ့
ပြန်‌ဖြေရပါ‌စေလို့
ငါဆု‌တောင်း‌နေမယ်။

No comments:

Post a Comment

Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်