လွန်ခဲ့တဲ့ရက်ပိုင်းက သူငယ်ချင်းတစ်ယောက်နဲ့ ဧရာဝတီတိုင်းဘက်ကို လေးရက်လောက် လိုက်သွားဖြစ်သည်။ သူတို့ကတော့ သူတို့ကိစ္စနဲ့ပါ။ ကျွန်တော်ကတော့ ဒီလိုပဲ
ကျောင်းလည်းပိတ်ထားတော့ အပျော်လိုက်သွားတာ ဖြစ်သည်။ ကျွန်တော်တို့သွားတာက
ဒါးကဆိပ်ကမ်းကနေ နှစ်နာရီလောက်စက်လှေ စီးပြီးသွားရတဲ့ ကျွန်းပုလုဆိုတဲ့ ရွာလေးဖြစ်သည်။
ဘုန်းကြီးကျောင်းမှာတည်းရသည်။ ရွာမှာ လျှပ်စစ်မီးမရှိပါ။ ဘုန်းကြီးကျောင်းမှာတော့
မီးစက်နဲ့သုံးလို့ရသည်။ ကျွန်တော် သတိထားမိတာတစ်ခုက ရွာထဲက အိပ်များကသာ စုတ်ချာသယောင်ရှိပေမယ့် ဘုန်းကြီးကျောင်းက ကျယ်ကျယ်ဝန်းဝန်းနဲ့ ကောင်းကောင်းမွန်မွန်၊ ခိုင်ခိုင်ခန့်ခန့် ဆောက်ထားသည်။ အဲ့ဒီနားက ထန်းပင်ကွင်းဆိုတဲ့ ရွာကိုရောက်တော့လည်း အဲဒီလိုပဲ ဘုန်းကြီးကျောင်း အကြီးကြီးတစ်ခု ရှိသည်။ အဲဒီနားက ရွာတိုင်းမှာ ဘုန်းကြီးကျောင်း အကြီးကြီးတစ်ခုစီ ရှိကြဟန်တူသည်။
ရွာမှာက လက်ဖက်ရည်ဆိုင်မရှိ၊ မုန့်ဆိုင်မရှိ၊ ထမင်းကိုပဲ အဝစားရသည်။ မနက်အစောကတည်းက မနက်စာကို ထမင်းစားရသည်။ သူတို့ကတော့ အဲ့ဒါကို အဆာပြေစားတယ်လို့ ခေါ်ကြတယ်။ ညဆိုလည်း မီးမရှိတော့ ဘာမှလုပ်စရာမရှိ၊ ရေနွေးကြမ်းသောက်ရင်း စကားဝအောင်ပြောပြီးရင် အိပ်ရုံသာ ရှိသည်။ ညဆယ်နာရီလောက်ဆို အိပ်ပြီး မနက်ခြောက်နာရီဆို နိုးနေကြပြီ။ ကျွန်တော်တို့လို ညနက်မှအိပ်ပြီး မနက်အိပ်ရာထ နောက်ကျတဲ့ အကျင့်နဲ့ မကိုက်ပေမယ့် ကျွန်တော်တို့တည်းတဲ့ ဘုန်းကြီးကျောင်းက ကမ်းစပ်မှာဆိုတော့ မနက်စောစောမှာ ပျိုးစပါးပင် စိမ်းစိမ်လေးတွေနဲ့ နေရာင်ခြည် ဖြန့်ကျဲထားတဲ့မြစ်ပြင် ကျယ်ကြီးကို ကြည့်ရတာ တော်တော် ကျက်သရေ ရှိလှသည်။
လျှပ်စစ်မီး မရှိတော့ ကွန်ပျူတာ၊ အင်တာနက်ဆိုတာ အဝေးကြီး၊ TV မကြည့်ဖြစ်၊ ဂျာနယ်လည်း မဖတ်ရဆိုတော့ လက်ရှိနေနေကျ ပုံစံနဲ့ မတူတော့ အသားမကျသလို ရှိပေမယ့်တစ်ဖက်က ကြည့်ရင် လက်ရှိလုပ်နေတဲ့ အလုပ်တွေ၊ စိတ်အာရုံတွေကနေ ခဏ break ဖြစ်သွားပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ခဲ့သည်။ တခြားဘာမှလည်း လုပ်စရာမရှိတော့ စိတ်ရောကိုယ်ပါ အပန်းဖြေရုံသက်သက်ပင်။
ညအိပ်တာ ဘုန်းကြီးကျောင်းမှာ အိပ်ရပြီး ထမင်းစားတော့ ရွာထဲက အိမ်တွေမှာ တစ်လှည့်စီ စားရသည်။ ကျွန်တော်တို့က ဧည့်သည်တွေဆိုပြီး ထမင်းတွေ ဟင်းတွေ အများကြီး ချက်ကျွေးကြသည်။ ရွာသူရွာသားတွေက စေတနာကောင်းပြီး သဘောလည်းကောင်းကြသည်။ ရွာမှာ ပိုက်ဆံရှိတဲ့အိမ်တွေက ကျွန်းဗီရို အကြီးကြီးတွေကို အိမ်ခန်းနံရံအဖြစ် သုံးထားကြတာ တွေ့ရသည်။ အဲ့ဒါကို ဘယ်လိုခေါ်မလဲ။ အိမ်ရှေ့နဲ့ အိမ်နောက်ဖေးကို ကာထားတာကိုပြောတာ။
ညနေဆိုရင် မြစ်စပ်မှာ ရေဆင်းချိုးကြတယ်။ ကျွန်တော်ကတော့ ရေမကူးတတ်။ မိကျောင်းရှိလားလို့ မေးကြည့်တော မိကျောင်းတော့မရှိ၊ ဆယ့်လေးငါးပေးလောက်ရှိတဲ့ ငါးရွေးဆိုတဲ့ ငါးကြီးတွေ ရှိတယ်လို့ပြောတယ်။ လူသားစားတယ်တဲ့။ ကျောချမ်းစရာနော်။
ကျွန်တော်က ခရီးသွားရတာကို ကြိုက်တယ်။ ငယ်ငယ်ကတည်းက အမျိုးတွေနဲ့ပဲဖြစ်ဖြစ် ကြုံရင်ကြုံသလို လိုက်လိုက်သွားတတ်တော့ နေရာတော်တော်များများ ရောက်ဖူးနေသည်။ တကယ်လည်း ခရီးသွားရတာ ပျော်စရာကောင်းတယ်။ အတွေ့အကြုံ ဗဟုသုတလည်းရတယ်။ ပတ်ဝန်းကျင်နေရာ အသစ်တစ်ခုကိုရောက်တိုင်း အတွေးအမြင်သစ်တွေကို ရတယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ သွားရင် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာတယ်။ ဘဝဆိုတာက ခရီးတစ်ခုနဲ့တူတော့ ခရီးတစ်ခုထွက်ရင် ဘဝဆိုတာ ဘာလဲဆိုတာ ပိုပြီး ပုံရိပ်ပေါ်လာတယ်။ ဒါကတော့ ပြောရခက်တယ်။ ခံစားနိုင်မှ သိမှာပါပဲ။
ဒီတစ်ခါ သွားရတာဆိုရင် ရေလမ်းခရီးဆိုတော့ စက်လှေပေါ်မှာ ကောင်းကင်ကြီးကိုကြည့်ပြီး စိတ်ကူးမိတာတွေ ရှိသေးတယ်။ ဒါပေမယ့် အဲ့ဒါတွေက အရမ်းကို စိတ်ကူးယဉ်ဆန်နေလို့ ထည့်မရေးတော့ဘူး။ နောက်ကြုံရင်တော့ ရေးဦးမယ်။
ဒီကိုပြန်ရောက်မှ သတင်းတွေဖတ်ရတယ်။ iPad Mini လေးကို တွေ့ရတော့ လိုချင်တယ်။ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ထပ်ဖြစ်နေတာ ဖတ်ရတော့ စိတ်မကောင်းဘူး။ အောင်စာရင်းကတော့ 15 ရက်နေ့ ထွက်မယ်လို့ ကြားတယ်။ အခုရက်ပိုင်းတွေက ပုံမှန်အလုပ်တွေပဲ ရှိပြီး အားနေတယ်လို့ ပြောရင်လည်းရတယ်။

No comments:
Post a Comment
Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်