ဒီနေ့မနက် 10 နာရီမှ အိပ်ရာနိုးတယ်။ မျက်နှာသစ်၊ ဘုရားရှိခိုးပြီးတော့ 11 နာရီလောက်မှာ အင်တာနက်ဆိုင်သွားဖို့ ဒါပေမယ့် အပြင်မှာ နေတော်တော်ပူနေတာကြောင့် အဲ့ဒီ့စိတ်ကူးကို
ဖျက်ပြီး ကော်ဖီတစ်ခွက်ဖျော်သောက် FM ကစားတယ်။
လုပ်စရာအလုပ်တွေ ရှိပေမယ့် နေ့ခင်းဘက်ဆိုရင် ဈာန်မဝင်သလိုလို၊ ညဘက်ကျတော့လည်း လုပ်လို့ကောင်းပေမယ့် မျက်စိက ဂိမ်းဆော့ရင်၊ ရုပ်ရှင်ကြည့်ရင် တစ်ညလုံးနေနိုင်ပေမယ့် tutorial တစ်ခုခုလုပ်တာနဲ့ မျက်စိညောင်းပြီး အိပ်ချင်လာရော၊ အဲ့ဒီ့ အကျင့်ကို ပြင်ရမယ်။
ခဏနေတော့ ထမင်းစား၊ သီချင်းနားထောင်ပြီး နေ့ခင်းနှစ်နာရီလောက်ပဲ ရှိသေးတယ်။
နေမပူတော့လို့ အင်တာနက်ဆိုင်ထွက်ခဲ့တယ်။ blog ကို အပြင်အဆင် နည်းနည်း ပြောင်းလိုက်တယ်။ sidebar က gadget တွေမထားတော့ပဲ width ကို အကျဉ်းဆုံး 100px ထားလိုက်တယ်။ line height ကိုလည်း 2.0 ပြောင်းလိုက်တော့ post စာသားတွေက အရင်ထက်စာရင် ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ ဖတ်လို့ကောင်းသွားမယ်ထင်တယ်။ sidebar နေရာမှာတော့ 100px ရှိနေတာကြောင့် အဖြူလွတ်နေရာ နည်းနည်းရှိနေတယ်။ remove sidebar in blogger လို့ google မှာ ရိုက်ပြီးရှာ၊ အဲ့ဒီ အတိုင်းလိုက်လုပ် ကြည့်ပေမယ့်လည်း အဆင်မပြေဘူး။ နည်းနည်းထပ် စမ်းကြည့်ရင် ရလောက်ပေမယ့် အင်တာနက်ဆိုင်မှာ မန်ဘာဝင်ထားတာ အချိန်ပြည့် ခါနီးနေတာကြောင့် ပြန်လာခဲ့ရတယ်။ နောက်နေ့မှ ထပ်စမ်းကြည့်ရမယ်။
အိပ်ပြန်ရောက်တော့ ဗိုက်ဆာတယ်ဆိုပြီး ငှက်ပျောသီး ကော်ပြန့်ကြော် နှစ်ခု စားတယ်။ ဒါလည်း မဝသေးတာနဲ့ မထူးပါဘူးဆိုပြီး ထမင်းထပ်စားလိုက်သေးတယ်။ ဗိုက်တော်တော် ပြည့်သွားတယ်။ ညကျရင်တော့ မဆာလောက်တော့ဘူး။ ကွန်ပျူတာဖွင့်မလို့လုပ်တုန်း မီးပျက်သွားတယ်။ မီးပြန်လာတာ အခု 7 နာရီခွဲ၊ လက်ဖက်ရည်သောက်ချင်ပေမယ့် သူငယ်ချင်းတွေ တစ်ယောက်မှ ပေါ်မလာကြဘူး။
နက်ဖြန်ဆယ်နာရီ နေမျိုးထက်နဲ့ ချိန်းထားတယ်။ စာအုပ်ပေးရမှာ ဘာမှလည်း မရေးရသေးဘူး။ တစ်ခုခုတော့ ရေးရမယ်။ 8 နာရီကျော်လောက်မှာ ဝေကြီးဖုန်းဆက်တယ်။ မထိုင်တာကြာတဲ့ ဦးမြင့်မောင်ဆိုင်မှာ သွားထိုင်ကြတယ်။ 10 နာရီလောက် အိပ်ပြန်ရောက်၊ နေမျိုးထက်ကိုပေးဖို့ စာအုပ်ရေးတယ်။ ပြီးတော့ အခု မီးပျက်နေပြန်တယ်။
မီးပြန်မလာတော့ ဘာမှလုပ်စရာမရှိဘူး။ အိပ်ရတော့မယ်။ ဒီနေ့ ရေတောင်မချိုးဖြစ်လိုက်ဘူး။ ဒီနေ့ ဖတ်ဖြစ်တဲ့ ဆရာတော် ဦးဇောတိက ရဲ့စာသားလေးတွေ diary ထဲ ထည့်ရေး ထားလိုက်ဦးမယ်။
"ငါတန်ဖိုးထားတာ မရေရာရင် ငါဟာ မရေရာတဲ့သူ ဖြစ်နေပြီ။ ငါ့ဘဝဟာလည်း မရေရာဘူး။ ငါ့ဆက်ဆံရေးတွေဟာလည်း မရေရာဘူး။ ငါ့ဘာသာရေးဟာလည်း မရေရာဘူး" ဒါကိုလေးလေးနက်နက် သဘောပေါက်ဖို့လိုတယ်။ ဒါအရေးကြီးတယ်။
"ဟောဒီ့ သဘောထားကိုတော့ ငါဘယ်တော့မှ အပျက်မခံဘူး၊ သေချင်ရင်သေသွားပါစေတာ့" ဆိုတဲ့ ခံယူချက်ရှိရမယ်။

No comments:
Post a Comment
Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်