October 18

မ‌နေ့ညက အိပ်‌ပျော်သွား‌တော့ ဆုံး‌အောင်မ‌ရေးလိုက်ရတဲ့ diary တစ်‌ကြောင်းနှစ်‌ကြောင်းကို ဒီ‌နေ့မနက် နိုးနိုးချင်း‌ရေးလိုက်တယ်။ 8 နာရီခွဲ‌လောက်နိုးတာ။ မျက်နှာသစ်ပြီး‌တော့
ဘုရားရှိခိုးတယ်။ ပြီး‌တော့ အင်တာနက်ဆိုင်ထွက်ခဲ့တယ်။

ဒီ‌နေ့ Google Blogger မှာ blog တစ်ခုလုပ်မယ်လို့ စဉ်းစားထားတဲ့အတိုင်း လုပ်ဖြစ်တယ်။ aungkhantzaw လို့ နာမည်‌ပေးချင်‌ပေမယ့် အဲဒီ့နာမည်က အဆင်မ‌ပြေ‌တော့ koaungkhant လို့ပဲ ‌ပေးလိုက်ရတယ်။ ဒီနာမည်လည်းမဆိုးပါဘူး။ Bloggerကအသွင်အပြင်‌တွ ပြောင်းထား‌တော့ ကိုယ့်ဆီမှာရှိတဲ့ pdf ‌တွေထဲကနဲ့ မတူ‌တော့ဘူး။ ဒါ‌ပေမယ့် အဆင်‌တော့‌ပြေပါတယ်။ သူ‌ပေးထားတဲ့ template ‌တွေထဲကပဲ တစ်ခု‌ရွေးထားလိုက်တယ်။Blogger က professional blog တစ်ခုဟုတ်ချင်မှဟုတ်‌ပေမယ့် ကျွန်‌တော့်လို beginner တစ်‌ယောက်အတွက်‌တော့ မလုပ်တာထက်စာရင် အ‌တွေ့အကြုံရ‌စေတယ်။ ဆန္ဒရှိရင် html ‌တွေလည်း ဝင်ကလိလို့ရတယ်။

12 နာရီထိုးခါနီး‌လောက်ကျ‌တော့ အိမ်ပြန်လာတယ်။ မနက်ကတည်းက ဘာမှမစားရ‌သေးဘူး။ ထမင်းစားတယ်။ ပြီး‌တော့ 2NE1 ရဲ့ lonely နဲ့ Girls' generation ရဲ့ အမည်မသိ သီချင်းတစ်ပုဒ် နား‌ထောင်ဖြစ်တယ်။ ကြာညိုက အခန်းထဲမှာ ဂိမ်းလာ‌ဆော့‌နေတယ်။ Nga Tat Pyar ဂိမ်းက button ‌တွေ၊ '‌တော်ပြီ' တို့ ' ပြန်စ ' တို့ကို​ ကြည့်ပြီး ရယ်‌နေတယ်။ ပြီး‌တော့ သူအိပ်‌ပျော် သွားတယ်။ မနက်က စာ‌မေးပွဲရှိလို့ ‌လေးနာရီ‌လောက်ထပြီး စာကျက်တယ်လို့ အ‌မေက‌ပြောတာပဲ။ ကျွန်‌တော်လည်း ဘုန်းဘုန်း အရှင်‌ဆေကိန္ဒရဲ့ တရားတစ်ပုဒ် နား‌ထောင်ရင်း အိပ်‌ပျော်သွားတယ်။ ပြန်နိုးလာ‌တော့ track ‌တွေ‌တောင် ‌ကျော်‌နေပြီ။ အဲ့ဒါ သုံးနာရီခွဲ၊ ‌လေးနာရီ‌လောက်။

ည‌နေငါးနာရီခွဲ‌လောက်မှာ ‌ရေချိုးပြီး ဒီ‌နေ့အတွက် diary ကို‌ရေး‌နေတယ်။ အင်တာနက်ဆိုင် ထပ်သွားဖို့လည်း စိတ်ကူး‌နေတယ်။ ဟန်ထွန်းနဲ့‌ဝေယံ အိမ်‌ရောက်လာတယ်။ ဟန်ထွန်းက sd card ပြန်‌ပေးတယ်။ ‌ဝေယံက ဂစ်တာခဏ ငှားသွားတယ်။ ပြီး‌တော့ ဟန်ထွန်းနဲ့အတူတူ asno ကိုထွက်ခဲ့တယ်။ blog မှာ Read more ပုံစံ‌လေး လုပ်လို့ရလိုက်တယ်။

Asno က ပြန်လာ‌တော့ အိမ်မှာ ကိုထက်‌ရောက်‌နေတယ်။ သူ့ကို ခဏ‌စောင့်ခိုင်းပြီး ထမင်းစားတယ်။ ပြီး‌တော့ စံချိန်မှီမှာ သွားထိုင်ကြတယ်။ ကိုထက်က ‌နောက်အပတ်ထဲမှာ ဧရာဝတီတိုင်းကို ပရဟိတ သွားဖို့ကို လိုက်ခဲ့ဖို့ ‌ပြောတယ်။ ကိုထက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြန်လာ‌တော့ 10 နာရီ‌လောက်ရှိပြီ။ နာရီဝက်‌လောက်ပဲ ရှိ‌သေးတယ်။ ‌ဝေကြီးဆီက ဖုန်းလာတယ်။ တုသိတာလမ်းထိပ်က ထမင်း‌ကြော်ဆိုင်မှာ ထိုင်‌နေတယ် လာခဲ့ဆိုတာနဲ့ ထွက်ခဲ့တယ်။

‌ဝေကြီးနဲ့ စကား‌လေးဘာ‌လေး‌ပြောရင်း ‌ကော်ဖီတစ်ခွက်ထပ်‌သောက်တယ်။ ခုနက ကိုထက်နဲ့လက်ဖက်ရည်ဆိုင်မှာ ချိုဆိမ့် တစ်ခွက်‌ သောက်ထားလို့ ထင်တယ်။ ‌  ကော်ဖီကို‌ သောက်ရတာ ‌တော်‌တော်ကိုခါး‌နေတယ်။ အဲ့ဒီက ပြန်လာ‌တော့ 11 နာရီခွဲ။ Football Manager ကစားတယ်။ ပြီး‌တော့ အခု diary ဆက်‌ရေးတယ်။

‌နေ့ခင်းက ‌ရေးဖို့‌မေ့ခဲ့တာက အင်တာနက်ဆိုင်က ပြန်လာ‌တော့ ‌နေမျိုးထက်နဲ့ ဖုန်း‌ပြောဖြစ်တယ်။ စ‌နေ‌နေ့ စာအုပ်လဲဖို့၊ ADSL တပ်ဆင်ခ‌တွေ ‌လျှော့လိုက်တဲ့ အ‌ကြောင်းရယ်၊ blog လုပ်ထားတဲ့ အ‌ကြောင်းရယ်၊‌ ပြောဖြစ်တယ်။

တကယ်‌တော့ ဒီရက်ပိုင်း‌တွေက ခံစားချက်‌ထွေ‌ထွေထူးထူး မရှိလို့ diary ‌ရေးရတာလည်း မထူးခြားလှဘူး၊ ဘာပြီးရင် ဘာလုပ်တယ် ဆိုတာ‌လောက်ပါပဲ။ ဒီ‌နေ့ အင်တာနက်ဆိုင် နှစ်ခါသွားဖြစ်သလို လက်ဖက်ရည်ဆိုင်လည်း နှစ်ခါထိုင်ဖြစ်သွားတယ်။ မအိပ်ခင် HTML စာအုပ်ဖတ်တယ်။ ပြီးရင် ကွန်ပျူတာပိတ်ပြီး အိပ်‌တော့မယ်။

"For we don't have a high priest who can't be touched with the feeling of our infirmities, but one who has been in all points tempted like we are, yet without sin."
Hebrews 4:15

No comments:

Post a Comment

Comment ရေးရာတွင် English သို့မဟုတ် Unicode အသုံးပြုနိုင်ပါသည်