ယုံကြည်ခြင်း‌ကောင်မ‌လေး

လိုချင်ပါတယ်လို့
အတိအကျ ဆု‌တောင်းခဲ့တာပဲ။
မရတာ‌တော့ ဘယ်တတ်နိုင်ပါ့မလဲ။
စိတ်သ‌ဘောထား ကြီးမြတ်သူ
မဟုတ်ရပါဘူးကွယ်။
မဖြစ်နိုင်‌တော့လို့
‌နောက်ဆုတ်ခဲ့ရတာပါ။
‌တွေ့‌နေမြင်‌နေ သ‌ရွေ့‌တော့
ဒီ‌ရောဂါက ‌ပျောက်မှာ မဟုတ်ဘူး။
‌ကောင်မ‌လေး‌ရေ
အခု‌တော့လည်း
ခွဲခွာနှုတ်ဆက်
တိမ်‌တွေရဲ့ အ‌နောက်မှာ
လပတ်စာ‌မေးပွဲ‌တွေ ရှိခဲ့ရင်
အရင်လို ခုံနံပါတ်‌တွေနဲ့
ပြန်‌ဖြေရပါ‌စေလို့
ငါဆု‌တောင်း‌နေမယ်။

ကမ္ဘာကိုမြန်မာတို့မည်သို့ရင်ဆိုင်မည်နည်း

“မြန်မာ” လျင်မြန်သည်။ သန်မာသည်။ ညီညွတ်သည်။ ခွန်အားပြည့်ဝသည်။ ညဏမြင့်သည်။ ထိုသို့‌ပြောလျှင် အများက ‌လှောင်ရယ်နိုင်သည်။ သို့‌သော် လျင်မြန်ခဲ့သည်။ သန်မာခဲ့သည်။

Go in a boat

လွန်ခဲ့တဲ့ရက်ပိုင်းက သူငယ်ချင်းတစ်‌ယောက်နဲ့ ဧရာဝတီတိုင်းဘက်ကို ‌လေးရက်‌လောက် လိုက်သွားဖြစ်သည်။ သူတို့က‌တော့ သူတို့ကိစ္စနဲ့ပါ။ ကျွန်‌တော်က‌တော့  ‌ဒီလိုပဲ
ကျောင်းလည်းပိတ်ထား‌တော့ အ‌ပျော်လိုက်သွားတာ ဖြစ်သည်။ ကျွန်‌တော်တို့သွားတာက

October 21

ဒီ‌နေ့ည‌နေငါးနာရီ‌လောက် ကိုထက် အိမ်ကို‌ရောက်လာတယ်။ ဧရာဝတီတိုင်း၊ သာ‌ပေါင်းကိုသွားမှာ နှစ်ရက်၊သုံးရက်ပဲ ကြာမယ်၊ လိုက်ခဲ့ပါဆိုတာနဲ့ လိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်။

October 20

ဒီ‌နေ့‌တော့ မနက်‌စော‌စောထပြီး အင်တာနက်ဆိုင်သွားတယ်။ 9 နာရီ‌လောက်‌ပေါ့။ blog မှာ sidebar ဖြုတ်ဖို့ကို ကျွန်‌တော်က code ‌တွေထည့်ပြီး ခက်ခက်ခဲခဲ‌တွေ ‌လျှောက်လုပ်‌နေတယ် တကယ်‌တော့ သူရဲ့ template designer ထဲက body layout မှာ right sidebar မပါတဲ့ ပုံစံရှိတယ်။ အဲ့ဒါကို ‌ရွေးလိုက်ရုံပဲ၊ OKသွားပြီ။

‌နေမျိုးထက်က 10 နာရီခွဲ‌လောက်မှာ ‌ရောက်လာတယ်။ စာအုပ်လဲတယ်။ အပြင်မသွားဖြစ်ဘူး။
အင်တာနက်ဆိုင်က‌နေ အိမ်ကိုပဲတန်းပြန်ခဲ့တယ်။ ဒီ‌နေ့ ‌နေ့ခင်းတစ်ချိန်လုံး FM ပဲ ကစားဖြစ်တယ်။ ရာသီကုန်ခါနီးဆို‌တော့ ကစားလို့‌ကောင်း‌နေတာ‌ပေါ့။ premier league ‌ရော champion league ဖလား‌ရော ထပ်ရတယ်။ hall of fame မှာ ferguson ထက်‌တောင် ‌ကျော်သွားပြီ။ having demonstrated himself to be the most successful head coach of all time တဲ့၊ လန်းတယ်‌နော်။

ည‌နေကျ‌တော့ တရားနား‌ထောင်ရင်း အိပ်‌ပျော်သွား‌သေးတယ်။ ည‌နေခင်း အိပ်‌ပျော်သွားရင် ပြန်နိုးလာရင် ‌ခေါင်းအရမ်းမူးတယ်။ ‌ရေချိုး၊ ထမင်းစားပြီး‌တော့ မန်ယူပွဲကို ဘယ်လိုကြည့်ရင် ‌
ကောင်းမလဲ စဉ်းစား‌နေတုန်း ဟန်ထွန်း‌ရောက်လာလို့ သူတို့နဲ့ အတူသွားကြည့်ဖြစ်တယ်။ မန်ယူက 4-2 နဲ့ နိုင်သွား‌ပေမယ် ဒီရာသီမှာ ‌ပေးဂိုး‌တွေ များ‌နေတယ်။

အိပ်ပြန်‌ရောက်‌တော့ ‌ရေတစ်ခါထပ်ချိုး ပြီး သီချင်းနား‌ထောင်ရင်း အိပ်‌ပျော်သွားတယ်။ ဒီညလည်း ဘာမှ မလုပ်ဖြစ်တဲ့ ညတစ်ညပဲ။ blog မှာ ဘာမှ ‌ရေးစရာ မရှိလို့ diary ‌တွေ ချည်းပဲ ‌ရေး‌နေရတာ မဟုတ်‌သေးဘူး။ တစ်ခုခု‌ရေးနိုင်ဖို့ ကြိုးစားရမယ်။

October 19

ဒီ‌နေ့မနက် 10 နာရီမှ အိပ်ရာနိုးတယ်။ မျက်နှာသစ်၊ ဘုရားရှိခိုးပြီး‌တော့ 11 နာရီ‌လောက်မှာ အင်တာနက်ဆိုင်သွားဖို့ ဒါ‌ပေမယ့် အပြင်မှာ ‌နေ‌တော်‌တော်ပူ‌နေတာ‌ကြောင့် အဲ့ဒီ့စိတ်ကူးကို

October 18

မ‌နေ့ညက အိပ်‌ပျော်သွား‌တော့ ဆုံး‌အောင်မ‌ရေးလိုက်ရတဲ့ diary တစ်‌ကြောင်းနှစ်‌ကြောင်းကို ဒီ‌နေ့မနက် နိုးနိုးချင်း‌ရေးလိုက်တယ်။ 8 နာရီခွဲ‌လောက်နိုးတာ။ မျက်နှာသစ်ပြီး‌တော့

October 17

ညကမအိပ်ခင် alarm ‌ပေးဖို့‌မေ့ပြီး အိပ်‌ပျော်ခဲ့‌ပေမယ့် ဒီ‌နေ့မနက် 6:30 ‌လောက်မှာ အလိုလိုနိုးလာတယ်။ ဒါ‌ပေမယ့် အိပ်ချင်စိတ်ကို မ‌ကျော်လွှားနိုင်လို့ ပြန်အိပ်‌နေတာ 7 နာရီခွဲ‌လောက်မှပဲ အိပ်ရာက ထဖြစ်တယ်။ မျက်နှာလည်း မသစ်ရ‌သေး၊ ဘာမှမလုပ်ရ‌သေးခင်မှာ အိမ်‌ရှေ့က ဂျာနယ်လာပို့တဲ့ အသံကြားလို့ ပြည်သူ့‌ခေတ်ဂျာနယ်ကို အရင်ဆုံးဖတ်ဖြစ်လိုက်တယ်။